ဝဘ်ဆိုဒ်အခြေခံဗဟုသုတများ

ဝဘ်ဆိုဒ်အခြေခံဗဟုသုတများ

ဝဘ်ဆိုဒ်သည် အချက်အလက်များကိုဖော်ပြရန်ဖြစ်သည် ၊ ဥပမာ အဖွဲ့အစည်းများ၏ ဓါတ်ပုံ အသံ အကြောင်းအရာများ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အခြားသူများသိစေရန်ဖြစ်သည် ၊ ဝဘ်ဆိုဒ်သည် ဗဟုသုတများပေးရုံမက အဖွဲ့အစည်းနှင့် Customer များအကြားအဆက်အသွယ်လုပ်ပေးနိုင်သည်

ဝဘ်ဆိုဒ်၏အဓိကအစိတ်အပိုင်းများ

1. Home Page

ဝဘ်ဆိုဒ်၏မူလစာမျက်နှာဖြစ်သည် ၊ အဖွဲ့အစည်းများ၏ အချက်အလက်များအားလုံး စုစည်းထားသောနေရာဖြစ်ပြီး မိမိအဖွဲ့အစည်းများ၏ ကုန်ပစ္စည်းများ ဝန်ဆောင်မှုများ အဖွဲ့အစည်းအကြောင်းများ စသည်ဖြင့်စုစည်းဖော်ပြရန်ဖြစ်သည်

 

2. Web Page

ဝဘ်ဆိုဒ်၏ အသေးစိတ်စာမျက်နှာခွဲများဖြစ်သည် ၊ အဖွဲ့အစည်း၏ အချက်အလက်ပမာဏနှင့် အမျိုးအစားပေါ်မူတည်ပြီး Web Page အရေအတွက်အနည်းအများရှိသည် ၊ စာအုပ်နှင့်နှိုင်းယှဉ်မည်ဆိုလျှင် Homepage သည်စာအုပ်အဖုံးဖြစ်ပြီး Webpage သည်စာအုပ်အတွင်းအသေးစိတ်များဖြစ်သည်

3. Domain

ဝဘ်ဆိုဒ်အမည်ဖြစ်သည် (သို့) အခြားသူများဝင်ရောက်ရာတွင်လွယ်ကူစေရန်ဝဘ်ဆိုဒ်နေရာ ဖြစ်သည် ၊ Domain အမျိုးအစားပေါင်းများစွာရှိသည် ၊ အဖွဲ့အစည်း၏ လိုအပ်ချက်အပေါ် မူတည်ပြီးရွေးချယ်အသုံးပြုနိုင်သည် ၊ ဥပမာ - Agoda ဟိုတယ်ဝဘ်ဆိုဒ်အမည်ကို www.agoda.com ဟုစသည်ဖြင့်ပေးနိုင်သည်
 

4. Hosting

ဝဘ်ဆိုဒ်၏အချက်အလက်များအားလုံးသိမ်းဆည်းရန်နေရာဖြစ်သည် ၊ ဝဘ်ဆိုဒ်အချက်အလက် အနည်းအများပေါ်မူတည်ပြီး သိမ်းဆည်းနိုင်မည့်ပမာဏကွာခြားမည် ၊ ဝဘ်ဆိုဒ်အချက်အလက်များမှာ - ကုန်ပစ္စည်းအသေးစိတ်အချက်အလက်များနှင့်ဝန်ဆောင်မှုများ ဓါတ်ပုံ ဆက်သွယ်ရန်အချက်အလက် အဖွဲ့အစည်းအကြောင်း ဆောင်းပါး ဗဟုသုတအသီးသီးများ စသည်ဖြင့်
 

 Web Page အစိတ်အပိုင်းများ

 

1. Page Header (ဝဘ်ဆိုဒ်ခေါင်းပိုင်း)

ဝဘ်ဆိုဒ်၏အခြားစာမျက်နှာကိုသွားရန်အတွက် Logo ၊ ဝဘ်ဆိုဒ်အမည် ၊ ဝဘ်ဆိုဒ် Menu ပြထားသော ဝဘ်ဆိုဒ်၏အပေါ်ဆုံးအပိုင်းဖြစ်သည်

 

2. Page Body (အကြောင်းအရာအပိုင်း)

ဝဘ်ဆိုဒ်၏ အလယ်အပိုင်းဖြစ်ပြီး ဝဘ်ဆိုဒ်၏အကြောင်းအရာများကိုပြထားသော အပိုင်းဖြစ်သည် ၊ ပြချင်သောအကြောင်းအရာများ ဓါတ်ပုံများ Video များကို အမျိုးအစားအလိုက် အပိုင်းပိုင်းခွဲပြထားပြီး Customer များကိုဆွဲဆောင်စေရန်အတွက်ဖြစ်သည် ၊

 

3. Page Footer (ဝဘ်ဆိုဒ်အောက်ခြေအပိုင်း)

ဝဘ်ဆိုဒ်၏အောက်ဘက်ဆုံးအပိုင်းဖြစ်ပြီး အများအားဖြင့် အဖွဲ့အစည်းကိုဆက်သွယ်နိုင်သည့်အချက်အလက်ကိုပြထားသည်

 11635
ဝင်ကြည့်သူ
Follow us
Online Store နှင့်ဖန်တီးထားသောဝဘ်ဆိုဒ် အခမဲ့လုပ်ရန်