ဝဘ်ဆိုဒ်လုပ်မည်ဆိုလျှင် ဘယ်အရာရှိထားရန်လိုအပ်ပါသလဲ?

ဝဘ်ဆိုဒ်လုပ်မည်ဆိုလျှင် ဘယ်အရာရှိထားရန်လိုအပ်ပါသလဲ?

 

1. ဝဘ်ဆိုဒ်ဖန်တီးသော Tool များ

ဝဘ်ဆိုဒ်ကိုစတင်လုပ်မည်ဆိုလျှင် CMS (Content Management System) အသုံးပြုနိုင်သောဝဘ်ဆိုဒ်များ (သို့) ဖန်တီးထားသောဝဘ်ဆိုဒ်ကိုစီမံခန့်ခွဲသော ပရိုဂရမ်များ ရှိရန်လိုအပ်သည် ၊ လုပ်ငန်းရှင်များအတွက် ဖန်တီးထားသောဝဘ်ဆိုဒ် (သို့) Online Store ကို ကိုယ်တိုင်ဖြင့်လွယ်ကူလျင်မြန်စွာ လှပစွာဖန်တီးနိုင်ရန်ဖြစ်သည်

2. Domain Name နှင့် Hosting ငှားရမ်းခြင်း

Domain Name သည် ဝဘ်ဆိုဒ်အမည်ဖြစ်သည် (အခြားဝဘ်ဆိုဒ်အမည်များနှင့်မထပ်နိုင်ပါ) ဥပမာ google.com, enjoyday.net တို့ဖြစ်ပြီး မိမိတို့၏အိမ်နံပါတ်များ ဝဘ်ဆိုဒ်နေရာများနှင့်တူသည် ၊ Domain Name မရှိလျှင် အိမ်နံပါတ်မရှိသော အိမ်များနှင့်တူပြီး စာတိုက်မှလည်း မှန်ကန်စွာစာမပို့နိုင်ပါ (Domain အမည်သတ်မှတ်ခြင်းသည် မိမိဝဘ်ဆိုဒ်ထင်ရှားလာအောင်လုပ်ဆောင်ပေးနိုင်ပြီး Domain Name မရှိလျှင် မိမိဝဘ်ဆိုဒ်အတွင်းသို့ လူများဝင်မရောက်နိုင်ပါ)

Web Hosting ငှားရမ်းခြင်းသည် အိမ်အတွက် မြေနေရာပြင်ဆင်ထားခြင်းနှင့်တူသည် ၊ မြေမရှိလျှင် အိမ်မရှိနိုင်ပါ ဘယ်အိမ်မှလဲ လေပေါ်လွဲမနေနိုင်ပါ ၊ ထို့အတူဝဘ်ဆိုဒ်မှာလဲ ဝဘ်ဆိုဒ်အချက်အလက်သိမ်းဆည်းရန်အတွက် Hosting မရှိသေးလျှင် ဝဘ်ဆိုဒ်အသုံးမပြုနိုင်သေးပါ ၊ ထို့ကြောင့် Domain Name နှင့် Hosting ငှားရမ်းခြင်းသည် ဝဘ်ဆိုဒ်အတွက် အလွန်အရေးကြီးသည်

 

3. ဝဘ်ဆိုဒ် Promote နည်း

SEO လုပ်ခြင်း, ဝဘ်ဆိုဒ်အခမဲ့ကြော်ငြာတင်ခြင်း, အွန်လိုင်းပေါ်ဝဘ်ဆိုဒ် Promote လုပ်ခြင်းသည် လတ်တလောတွင်အရေးကြီးဆုံးဖြစ်သည် ၊ အဘယ်ကြောင့်ဆိုသော် ဝဘ်ဆိုဒ်ကိုဘယ်လောက်ကောင်းအောင်လုပ်နိုင်သော်လည်း Promote လုပ်နည်းကိုမသိလျှင် လူအများကလည်းမိမိဝဘ်ဆိုဒ်ကိုသိလာမည်မဟုတ်ပါ ၊ ဝဘ်ဆိုဒ်ရှိနေသော်လည်း အကျိုးအမြတ်ရှိမည်မဟုတ်ပါ ၊
 

4.ဝဘ်ဆိုဒ်ကိုအဆက်မပြတ်ဖွံ့ဖြိုးခိုင်မြဲအောင်စီမံခန့်ခွဲနည်း

မိမိဝဘ်ဆိုဒ်ထင်ရှားလာပြီဆိုလျှင် Google ကမိမိဝဘ်ဆိုဒ် အချက်အလက်များကို လာကောက်ယူမည်ဖြစ်ပြီး စကားကနေတစ်ဆင့် မိမိဝဘ်ဆိုဒ်ကိုလူသိများလာမည်ဖြစ်သည် ၊ သို့သော် ဝဘ်ဆိုဒ်ကိုကောင်းအောင်စီမံနိုင်ခြင်းမရှိဘူးဆိုလျှင် ဥပမာ အကြောင်းအရာများကို အဆက်မပြတ် Update လုပ်ခြင်းမရှိဘူးဆိုလျှင် ဝင်ကြည့်သူများက အသစ်မရှိဘူးဟု သတ်မှတ်မည်ဖြစ်ပြီး နောက်ဆုံးတွင် မိမိ၏ဝဘ်ဆိုဒ်ကိုမေ့သွားမည်ဖြစ်သည်



 
 2200
ဝင်ကြည့်သူ
Follow us
Online Store နှင့်ဖန်တီးထားသောဝဘ်ဆိုဒ် အခမဲ့လုပ်ရန်