ဝဘ်ဆိုဒ်အောင်မြင်ရန်အတွက် ဝဘ်ဆိုဒ်အလှဆင်နည်းလမ်း

ဝဘ်ဆိုဒ်အောင်မြင်ရန်အတွက် ဝဘ်ဆိုဒ်အလှဆင်နည်းလမ်း

1. Logo

ပထမဆုံး ဝဘ်ဆိုဒ်အတွင်းထည့်သည့်အရာသည် "Logo" ဖြစ်သည် ၊ အဘယ်ကြောင့်ဆိုသော် မိမိ၏ Brand လူအများသိလာအောင်အထောက်အကူဖြစ်ပြီး မရှိမဖြစ်အရာများဖြစ်သည် ၊ တစ်ချို့ဆိုလျှင် Logo များကိုဒီဇိုင်းဆွဲရာတွင်အထူးဂရုမပြု ဖြစ်သလိုဆွဲထားကြသည် ၊Professional သမားဖြစ်ချင်လျှင် Logo ကို လှပအောင်ဒီဇိုင်းရေးဆွဲထားသင့်သည်

2. လိုက်ဖက်သော အရောင်များနှင့် Layout များကိုရွေးချယ်ခြင်း

ဝဘ်ဆိုဒ်အတွက်ရွေးချယ်အသုံးပြုလိုက်သောအရောင်များသည် "ဝဘ်ဆိုဒ်၏ခံစားချက်များ" ကိုပုံဖော်ထားခြင်းဖြစ်သည် ၊ ဝဘ်ဆိုဒ် Layout များသည် ဝဘ်ဆိုဒ်လုပ်ငန်းစဉ်များကို လူအများအတွက် အသုံးပြုရာတွင်နားလည်လွယ်ကူစေရန်ဖြစ်သည် ၊ ထို့ကြောင့် ဝဘ်ဆိုဒ် Layout များကို လွယ်ကူသောပုံစံများဖြင့်အသုံးပြုနိုင်ရန်ကြိုးစားလုပ်ကြပါ

3. Navigation

ဝင်ကြည့်သူများကို အခြားဝဘ်စာမျက်နှာသို့ခေါ်ဆောင်သွားနိုင်မည့်အရာဖြစ်သည် ၊ အလျားလိုက် ဒေါင်လိုက်လုပ်နိုင်သည် ၊ အလျားလိုက်ဆိုလျှင် ဝဘ်ဆိုဒ်၏အခြားအကြောင်းအရာများသို့သွားမည်ဖြစ်ပြီး ဒေါင်လိုက်ဆိုလျှင် အကြောင်းအရာ အသေးအငယ်များသို့ခေါ်ဆောင်သွားမည်ဖြစ်သည် ၊အသုံးပြုသူများဖွင့်လာချိန်တွင်ချက်ချင်းမြင် နိုင်သော အစိတ်အပိုင်းများဖြစ်သည် ၊ မမြင်နိုင်သောနေရာတွင် Scroll လုပ်၍ကြည့်ရသော နေရာတွင်မထားသင့်ပါ

4. Content

ဝဘ်ဆိုဒ်အကြောင်းအရာများသည် ဝဘ်ဆိုဒ်၏အရေးကြီးဆုံးဖြစ်သည် ၊ အသုံးပြုသူများ ဒီအကြောင်းအရာများကိုလွယ်ကူစွာ ဝင်မကြည့်နိုင်လျှင် အခြားဝဘ်ဆိုဒ်များကို ချက်ချင်းပြောင်းလဲဝင်ကြည့်မည်ဖြစ်သည် ၊ ကြော်ငြာများပြားသောဝဘ်ဆိုဒ်များတွင် အသုံးပြုသူများက အကြောင်းအရာများရှာဖွေရာတွင် အနှောင့်အယှက်ဖြစ်စေပြီး မှားယွင်းသော ဒီဇိုင်းဆွဲနည်းဖြစ်သည်

5. ကုန်ပစ္စည်းဓါတ်ပုံ

ဝဘ်ဆိုဒ်လုပ်ရာတွင်အရေးကြီးသည့်အခြားတစ်ချက်မှာ "ကုန်ပစ္စည်းပုံစံ" ဖြစ်သည် ၊ မိမိကုန်ပစ္စည်းပုံစံဘယ်လိုပုံစံဆိုတာကို Customer သိစေရန်အတွက်ဖြစ်ပြီး မိမိဆိုင်မှကုန်ပစ္စည်းများကိုဝယ်ယူရန်ဖြစ်သည် ၊ မိမိကုန်ပစ္စည်းကိုစိတ်ဝင်စားမှုအောင်းအောင်အတွက် ကုန်ပစ္စည်းဓါတ်ပုံကြည်လင်နေရန်လိုအပ်သည်

6. Services စာမျက်နှာ

ဒီစာမျက်နှာသည် မိမိတို့၏ဝန်ဆောင်မှုပုံစံ ဘယ်လိုဝန်ဆောင်မှုမျိုးပေးသည်ကိုဖော်ပြပေးသည့် စာမျက်နှာဖြစ်သည် ၊ Customer များအတွက်အထူးအကျိုးအမြတ်ဖြစ်ပြီး မိမိတို့၏ ဝန်ဆောင်မှုကောင်းတယ်ဆိုလျှင် သည်စာမျက်နှာသည် အထူးပင်လိုအပ်ပါသည်

7. About စာမျက်နှာ

ဒီစာမျက်နှာသည် Customer နှင့်ဝင်ကြည့်သူများအတွက် "မိမိတို့၏အကြောင်း" ကိုသိစေရန်ဖြစ်သည် ၊ ထို့ကြောင့် စီးပွားရေးနှင့်သက်ဆိုင်သော အကြောင်းအရာများ ဝဘ်ဆိုဒ်ဖြစ်ပေါ်လာပုံများ စီးပွားရေးအကြောင်းများ ဆိုင်ဓါတ်ပုံများ (သို့) ပိုင်ရှင်ဓါတ်ပုံများ ထည့်ရမည်ဖြစ်ပြီး Customer များနှင့်ယုံကြည်မှုတည်ဆောက်ရန်အတွက်ဖြစ်သည် (စာလုံးများဖတ်ရာတွင်လွယ်ကူစေရမည်)

8. Customer များ၏ထောက်ခံစာ

ဝင်ကြည့်သူများ၏အမြင်တွင် ကုန်ပစ္စည်းဝယ်ဖူးသူများ၏ အတွေ့အကြုံ (သို့) ဝန်ဆောင်မှုများ၏ အကြောင်းကို ဘယ်လိုဘယ်ပုံဖြစ်ကြောင်းကို သိချင်နေမှာဖြစ်သည် ၊ ဒီစာမျက်နှာသည် မိမိဝဘ်ဆိုဒ်ဝန်ဆောင်ချင်စရာကောင်းအောင် လုပ်ဆောင်ပေးနိုင်သည် ၊ Customer ဆီက review စာများမရှိသေးရင်လည်း ဝဘ်ဆိုဒ်လုပ်ပြီးလျှင် ပထမဆုံးဝန်ဆောင်မှုပေးသော Customer များကိုရေးခိုင်းလိုက်ပါ ၊ မိမိတို့၏ဝန်ဆောင်မှုကောင်းမှ Customer များရေးပေးချင်စိတ်ရှိမည်ဖြစ်သည်

9. ဆက်သွယ်ရန်စာမျက်နှာ

ဒီစာမျက်နှာသည် Customer များကမိမိဆီကိုဆက်သွယ်နိုင်သော Email ဖုန်းနံပါတ် Social Media အသီးသီး (သို့) မြေပုံကိုထည့်ရန်ဖြစ်သည် ၊ ဆက်သွယ်သည့်အချက်အလက်မရှိသော ဝဘ်ဆိုဒ်အမြောက်အများရှိပြီး သို့သော် အဲဒီ ဝဘ်ဆိုဒ်များသည် Customer များဆုံးရှုံးနိုင်သည့်အခွင့်အရေးရှိသည်
From : Buksohn
 2674
ဝင်ကြည့်သူ
Follow us
Online Store နှင့်ဖန်တီးထားသောဝဘ်ဆိုဒ် အခမဲ့လုပ်ရန်