ဝဘ်ဆိုဒ် Promote လုပ်ခြင်း

ဝဘ်ဆိုဒ် Promote လုပ်ခြင်း

1. SEO လုပ်ခြင်း

SEO (သို့) Search Engine Optimization ဝဘ်ဆိုဒ်ကို Search Engine ဖြင့်ရှာဖွေမှုရလဒ်တွင် ထိပ်ဆုံးအဆင့်သို့ရှိနေရန်ဖြစ်သည် ၊ အသုံးပြုသူများ Keyword (သို့) စီးပွားရေးနှင့်သက်ဆိုင်သော စာသားများကိုရှာဖွေရမည်ဖြစ်ပြီး ထိပ်ဆုံးအဆင့်တွင်ရှိနေပါက မိမိဝဘ်ဆိုဒ်အတွင်းသို့ ဝင်ကြည့်သူများပြားစေသည် ၊ SEO လုပ်ခြင်းဖြင့် ဝဘ်ဆိုဒ် Promote လုပ်ခြင်းသည် ကုန်ကြငွေသက်သာစေပါသည်




2. Social Network

အွန်လိုင်း Social Network တွင်လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေပါသည် ၊ Social Network တွင် လွယ်ကူစွာရောင်းဝယ်ဖောက်ကားနိုင်ရုံမက ကုန်ကြငွေသက်သာစေပြီး အထူးခေတ်စား နေပါသည် ၊ Social Network တွင်ဝဘ်ဆိုဒ်ကို Promote လုပ်နိုင်ပါသည် ၊ ဥပမာ - Facebook, Twitter, LinkIn, FourSquare, Google+, Pinterest



3. ဆောင်းပါးကနေတစ်ဆင့် မိမိဝဘ်ဆိုဒ်ကြော်ငြာခြင်း

အကြောင်းအရာ (သို့) ဆောင်းပါးကိုရေးပြီး ဝဘ်ဆိုဒ်ပေါ်တင်ရာတွင် မိမိဝဘ်ဆိုဒ်ကို Promote လုပ်နိုင်ရုံမက (SEO) တွင်ထိပ်ဆုံးရောက်နေအောင်အထာက်အကူပေးသည် ၊ ဒီနည်းလမ်းများသည် နိုင်ငံခြားတွင်အထူးခေတ်စားနေသည် ၊ ဝဘ်ဆိုဒ်အများတွင် ဒီနည်းလမ်းကို အသုံးပြုကြသည် ၊ အဘယ်ကြောင့်ဆိုသော် ငွေကြေးလည်းမကုန် အကျိုးအမြတ်လည်းနှစ်ဆရသောကြောင့်ဖြစ်သည် ၊ အများအားဖြင့် ဟိုတယ် အပန်းဖြေခန်း နှင့် အလည်အပတ်စီးပွားရေးများ Promote ရာတွင်ဒီနည်းလမ်းကိုအသုံးပြုကြသည်



4. Review ရေးခြင်း

အစပိုင်းက မိမိ၏ဝဘ်ဆိုဒ် ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုကို review ရေးရာတွင် ဝဘ်ဆိုဒ်ကနေတစ်ဆင့်ရေးရန်လိုပြီး မိမိ၏ဝဘ်ဆိုဒ် Link ထည့်ရန်မမေ့ပါနှင့် ၊ မိမိ၏ဝဘ်ဆိုဒ် လူသိများလာသောအခွင့်အရေးအတွက် မိမိစီးပွားရေးနှင့်သက်ဆိုင်သော review (သို့) topic ကိုရေးရန်လိုသည် ၊ SPAM ပုံစံမရေးပါနှင့်



5. Banner Advertising

အခမဲ့နှင့် ကုန်ကြငွေရှိသော Banner ကြော်ငြာနှစ်မျိုးရှိသည် ၊ Google ကနေတစ်ဆင့်ရှာဖွေပြီး အခမဲ့ပေးထားသောဝဘ်ဆိုဒ်တွင် Banner ကြော်ငြာအခမဲ့တင်နိုင်သည် ၊ ထင်ရှားသော Banner ဝဘ်ဆိုဒ်မဟုတ်သော်လည်း Banner ဝဘ်ဆိုဒ်အမြောက်အများတွင် တင်မည်ဆိုပါက မိမိဝဘ်ဆိုဒ် Promote နိုင်မည့်အခွင့်အရေးများလာမည်

6. VIDEO

Video ကနေတစ်ဆင့် ဝဘ်ဆိုဒ်အခမဲ့ Promote လုပ်ရန်အတွက် အလွန်လွယ်ကူပြီး ဒါပေမယ့် လူအများက ဒီနည်းလမ်းလေးကိုကျော်သွားကြပါသည် ၊ Video ရိုက်ပြီးလျှင် အသေးစိတ်အချက်အလက်များနှင့်မိမိဝဘ်ဆိုဒ် Link များအပါအဝင် Youtube ပေါ် Upload လိုက်ပါ ၊ လွယ်ကူစွာရှာတွေ့နိုင်ရန်အတွက် Title ကောင်းလေးများရေးပေးပါ ၊ မိမိVideo ကို Google ၏ပထမဆုံးစာမျက်နှာတွင် တွေ့မြင်နိုင်ခြေရှိသည်



7. E-Mail Marketing

Email ဖြင့် ရောင်းဝယ်ဖောက်ကားခြင်းသည် အများရွေးချယ်သောနည်းလမ်းဖြစ်သည် ၊ ဒါပေမယ့် နည်းလမ်းမှားနေလျှင် Spam Email အဖြစ်ပို့ပေးမည်ဖြစ်ပြီး အများအတွက် အနှောင့်အယှက်ဖြစ်စေမည် ၊ ဝဘ်ဆိုဒ် Promote လုပ်မည်ဆိုလျှင် ရိုးရှင်းသော E-mail များဖြင့် ပို့ပေးရန်လိုအပ်သည် ၊ ဒီနည်းလမ်းများဖြင့်ဝဘ်ဆိုဒ်ကို Promote လုပ်ခြင်းသည် ကုန်ကြငွေသက်သာပြီး မိမိဝဘ်ဆိုဒ်အတွင်းသို့အဆက်မပြတ် ဝင်ကြည့်သူများစေသည် ၊ ဒီနည်းလမ်းသည် အရင်းအနှီးမြှုပ်နှံမှုနည်းပြီးရောင်းအားကောင်းစေသည်



From : ThaiGoodView
 6767
ဝင်ကြည့်သူ
Follow us
Online Store နှင့်ဖန်တီးထားသောဝဘ်ဆိုဒ် အခမဲ့လုပ်ရန်