ဝဘ်ဆိုဒ်မလုပ်ခင်ကြိုတင်ပြင်ဆင်ထားခြင်း

ဝဘ်ဆိုဒ်မလုပ်ခင်ကြိုတင်ပြင်ဆင်ထားခြင်း

1. ဝဘ်ဆိုဒ်လိုအပ်ချက်အတွက် ရည်မှန်းချက်ကို သိထားရန်

လုပ်ငန်းရှင်များက မိမိစီးပွားရေးအမျိုးအစားများကို အရင်စစ်ဆေးရန်လိုအပ်ပြီး အဘယ်ကြောင့် ဝဘ်ဆိုဒ်ဖန်တီးသည်ကို သိထားရန်လိုအပ်သည် ၊ ဥပမာ - ကုန်ပစ္စည်းကြော်ငြာရန်အတွက် ဝဘ်ဆိုဒ်ဖန်တီးခြင်း ၊ လုပ်ငန်းရှင်နှင့် Customer များအကြားဆက်သွယ်ရန်ဝဘ်ဆိုဒ် ၊ Online Store အတွက်ဝဘ်ဆိုဒ်စသည်ဖြင့်

 

2. အဖွဲ့အစည်း (သို့) ကုန်ပစ္စည်း အရောင်သိထားရန်

အဖွဲ့အစည်းနှင့်ကုန်ပစ္စည်းတွင် အများအားဖြင့်လှပစေရန်အတွက်အရောင်သတ်မှတ်ထားသည် ၊ ထို့ကြောင့် ဝဘ်ဆိုဒ်ဖန်တီးမည်ဆိုလျှင် အဖွဲ့အစည်းနှင့်ကုန်ပစ္စည်းတွင်သတ်မှတ်ထားသောအရောင်များကို ဝဘ်ဆိုဒ် Theme အရောင်အဖြစ်ဖန်တီးရမည် ၊ ဒါမှဝဘ်ဆိုဒ်ကို မိမိအဖွဲ့အစည်း၏ကိုယ်စားဖြစ်သည်ကို အခြားသူများက သိမည်ဖြစ်သည်

 

3. အချက်အလက် အကြောင်းအရာ ဓါတ်ပုံများ ကြိုတင်ပြင်ဆင်ထားရန်

ဝဘ်ဆိုဒ်မလုပ်ခင် အချက်အလက်များအားလုံးကြိုတင်ပြင်ဆင်ထားခြင်းသည် အရေးကြီးသည် ၊ လုပ်ငန်းရှင်များက မိမိဝဘ်ဆိုဒ်အတွင်း ဘယ်နေရာတွင် ဘယ်အကြောင်းအရာများ ထည့်ချင်သည်ကို စိတ်ကြိုက်ကြိုတင်အစီအစဉ်ဆွဲထားရမည် ၊ Tab Menu အရေအတွက် နှင့် ဝဘ်ဆိုဒ်စာမျက်နှာအရေအတွက်ပါ အစီအစဉ်ဆွဲထားရမည် ၊ကြိုတင်ပြင်ဆင်ထားသော အချက်အလက်များသည် Word (သို့) Notepad ဖိုင်ဖြစ်ရန်လိုအပ်ပြီး ဝဘ်ဆိုဒ်အတွင်း အချက်အလက်များ လျင်မြန်လွယ်ကူစွာ ထည့်ရန်အတွက်ဖြစ်သည်

 

4. ဝဘ်ဆိုဒ်အမည်ပေးထားရန်

အဖွဲ့အစည်းများ ဝန်ဆောင်မှုများ ကုန်ပစ္စည်းများပေါ်မူတည်ပြီး ဝဘ်ဆိုဒ်အမည် ကြိုတင်သတ်မှတ်ထားရန်လိုအပ်သည် ၊ Customer များရှာဖွေရာတွင် လွယ်ကူစေရန်အတွက် လွယ်ကူသော အဓိပ္ပါယ်ရှိသော စာသားတိုလေးများဖြင့် ဝဘ်ဆိုဒ်အမည်ပေးထားရမည်

 

5. ဝဘ်ဆိုဒ်ဖန်တီးရန်

ဝဘ်ဆိုဒ်လုပ်ရန်အတွက် လုပ်ငန်းရှင်များက ဝဘ်ဆိုဒ်လုပ်ရန်နည်းလမ်းအမျိုးမျိုးကို စိတ်ကြိုက်ရွေးချယ်နိုင်သည် ၊ ဥပမာ - ဖန်တီးထားသောဝဘ်ဆိုဒ် ၊ မှာယူရသောဝဘ်ဆိုဒ် စသည်ဖြင့်

 

ဆောင်းပါး : Phenwisar Latarna

 1864
ဝင်ကြည့်သူ
Follow us
Online Store နှင့်ဖန်တီးထားသောဝဘ်ဆိုဒ် အခမဲ့လုပ်ရန်