ဝဘ်ဆိုဒ်ဒီဇိုင်းဆွဲနည်း(Web Design) အဆင့် 3 ဆင့်

ဝဘ်ဆိုဒ်ဒီဇိုင်းဆွဲနည်း(Web Design) အဆင့် 3 ဆင့်

 


 

 

       ဝဘ်ဆိုဒ်တစ်ခုကိုဒီဇိုင်းဆွဲမည်ဆိုလျှင် ဘယ်အရာကိုစဉ်းစားထားရန်လိုအပ်ပါသလဲ? အချို့ ဝဘ်ဆိုဒ်သည် ရိုးရိုးပုံစံသာဖြစ်နေသော်လည်း ဝဘ်ဆိုဒ်ဝင်ကြည့်သူနေ့တိုင်း သိန်းကျော်ရှိနေသည် ၊ ဒါပေမယ့်တစ်ချို့ဝဘ်ဆိုဒ်တွင် ဝဘ်ဆိုဒ်ပုံစံလှပနေသော်လည်း ဝင်ကြည့်သူမရှိပါ အဘယ်ကြောင့်လဲ? ဒီနေ့တွင် သင်၏လုပ်ငန်းအရည်အသွေးကောင်းရန် အတွက် အဆင်ပြေစေရန်အတွက် ဝဘ်ဆိုဒ်ဒီဇိုင်းဆွဲနည်းကိုတင်ပြသွားမည်ဖြစ်သည်

 

1. User ရှာနေသည့်အရာများကိုကမ်းလှမ်းရန်

 

       ဥပမာပြောရမည်ဆိုလျှင် ရည်းစားနှင့်နေ့လယ်စာစားသောက်ရန်အတွက် ဆိုင်တစ်ခုတွင် စားသောက်မည်ဖြစ်သည် ၊ အဲဒီဆိုင်အတွင်းလူအရမ်းများနေပြီး ဆိုင်အတွင်းသို့စတင်ဝင်သွားချိန်တွင် ထိုင်ရန်အတွက် ဆိုင်အတွင်းရှိဘေးဘင်များသို့ထိုင်ခုံရှာမည်ဖြစ်ပြီး ရှာမတွေ့ပါက အခြားဆိုင်တွင် စားသောက်ရန် ပြန်ထွက်သွားမည်ဖြစ်သည်

 

       ဝဘ်ဆိုဒ်ဒီဇိုင်းရေးဆွဲရာတွင်လည်းထိုနည်းတူပင်ဖြစ်သည် ၊ လေ့လာဆန်းစစ်မှုများတွင် User များသည် အက္ခရာတိုင်းကိုဖတ်မနေပါ စိတ်ဝင်ရားနေသည့်အရာများကို 4 စက္ကန့်အတွင်း ရှာဖွေမည်ဖြစ်သည် ၊ အောက်သို့ကြည့်ရန်လည်း Scroll လုပ်၍ကြည့်မနေပါ ၊ ထို့ကြောင့် User များသည် အချိန်တိုအတွင်း လိုအပ်သည့်အရာများကို Scan ရှာဖွေမည်ဖြစ်ပြီး User လိုအပ်နေသည့် အရာများမတွေ့ရှိပါက User များသည် ရှာတွေ့ရန်အတွက် အချိန်ကုန်မည်ကို စိုးရိမ်သောကြောင့် မိမိဝဘ်ဆိုဒ်ကိုထွက်ခွာသွားမည်ဖြစ်သည် ၊ ထို့ကြောင့် 4 စက္ကန့်ကို တန်ဖိုးရှိအောင်လုပ်ပါ

 

       Eye tracking ကိုဆန်းစစ်လေ့လာရာတွင် User များသည် ဝဘ်ဆိုဒ်အကြောင်းအရာများကို "F" ပုံသဏ္ဍန်ဖြင့် Scan ကြသည် ၊ အပေါ်ဆုံးအကြောင်းအရာများကို အကုန်လုံး Scan ကြမည်ဖြစ်ပြီး အောက်ဘက်အကြောင်းအရာများကို ဘယ်ဘက်အစိတ်အပိုင်းသာ Scan လုပ်ကြသည် ၊ အဘယ်ကြောင့်ဆိုသော် User များသည် Web Content များကို စာအုပ်အတိုင်း ဘယ်ဘက်ကနေညာဘက်သို့ အပေါ်ကနေအောက်သို့ဖတ်သည် ၊ ထို့ကြောင့် Logo ကို အပေါ်ဆုံးဘယ်ဘက်တွင်ထားကြသည်

 

       ဆန်းစစ်လေ့လာချက်များအရ User လိုအပ်ချက်များကိုသာထည့်ထားသင့်သည် ၊ Logo, Register Button, Login Button, Search Box, Forum အသီးသီးများကို User ရှာတွေ့လွယ်ကူစေရန်အတွက် "F" ပုံစံဖြင့် ဒီဇိုင်းရေးဆွဲသင့်သည်

 

       User ရှာဖွေနေသောအရာများကိုကမ်းလှမ်းခြင်းသည် အလွန်အရေးကြီးသည် ၊ အဘယ်ကြောင့်ဆိုသော် User ၏လိုအပ်ချက်ကိုမကမ်းလှမ်းနိုင်လျှင် နောက်နောင်အချက်တွင် ဘယ်လောက်ကောင်းအောင်လုပ်နိုင်သော်လည်း အဓိပ္ပါယ်မရှိပါ ၊ မိမိဝဘ်ဆိုဒ်တွင်းသို့ User စဝင်လျှင် ဝင်ချင်းမိမိဝဘ်ဆိုဒ်၏ဆိုလိုရင်းကိုရှင်းလင်းအောင်လုပ်ပါ ၊ 4 စက္ကန့်အချိန်ကိုတန်ဖိုးရှိအောင်လုပ်ပါ

 

2. User မကြိုက်သောအရာများကိုမထည့်ပါနှင့်

 

       Usability ကိုဆန်းစစ်လေ့လာရာတွင် "Banner blindness" ကိုသိစေပြီး User များက Ads(ကြော်ငြာ) များကိုစိတ်မဝင်စားပါ ၊ Banner Ads ဖြစ်စေ (သို့) Text Ads ဖြစ်စေ User များလုံးဝစိတ်မဝင်စားပါ ၊ အဲဒီနေရာများကို အခြားအကျိုးအမြတ်ရှိသည့် User လိုအပ်နေသည့်အရာများကို အစားထိုးထည့်သွင်းလိုက်ရင်မကောင်းဘူးလား? ၊ User များစိတ်ဝင်စားလာအောင်လုပ်ရန်အတွက် အချိန်သိပ်မရှိသည်ကိုမမေ့ပါနှင့်!

 

       User များသည် "Banner blindness" နှင့်သာသက်ဆိုင်သော အချက်အလက်များကိုရှာဖွေရာမှသာ မိမိဝဘ်ဆိုဒ်ကိုဝင်လာမည်ဖြစ်သည် ၊ သို့သော် အများအားဖြင့် User များသည် ရိုးရိုး အချက်အလက်များကိုသာ ရှာဖွေမည်ဆိုပါက လှုပ်ရှားနေသော Banner ဖြစ်စေ Text Banner အပါအဝင်စိတ်ဝင်စားမည်မဟုတ်ပါ

 

       တစ်ချို့က ကြော်ငြာမရှိလျှင် ဝဘ်ဆိုဒ်ဘယ်လိုရပ်တည်နိုင်မှာလဲဆိုသည့်မေးခွန်းများရှိကြသည်? အဖြေသည် ကြော်ငြာကိုအကုန်လုံးဖြုတ်ရန်မဆိုလိုပါ ကျွန်ုပ်တို့မှာရှိနေသည့် နေရာများကိုအကျိုးရှိစွာ စီမံခန့်ခွဲနိုင်ရန်ဖြစ်သည် ၊ ကြော်ငြာများထည့်နိုင်သည် ဒါပေမယ့် User များအတွက်အနှောင့်အယှက်ဖြစ်စေခြင်း (သို့) User များအတွက် အသုံးပြုရန်အဆင်မပြေဖြစ်နေခြင်းတို့ဖြစ်စေသည် ၊ ဝင်ငွေကောင်းစေရန်အတွက် ငွေရှာပေးသော ကြော်ငြာအမြောက်အများထည့်ထားသော်လည်း User အတွက် အနှောင့်အယှက်ဖြစ်နေလျှင်မိမိဝဘ်ဆိုဒ်ဘယ်မှာအကျိုးရှိမည်နည်း ၊ အချိန်ကြာလာလျှင် ဝင်ကြည့်သူအရေအတွက်နည်းလာပြီး ကြော်ငြာများလည်းမိမိဝဘ်ဆိုဒ်ကနေ ရုပ်သိမ်းခြင်းခံရမည်ဖြစ်သည် ၊

 

       ကြော်ငြာများသာမက Graphic (သို့) Effect များအပါအဝင် လိုအပ်ချက်ထက်ပိုနေလျှင် ဖြုတ်ပစ်လိုက်ပါ ၊ Graphic (သို့) Effect များသည် ထည့်သင့်ရုံသာထည့်သင့်သည် ၊ တစ်ချို့ဆိုလျှင် ထည့်တာများလွန်းနေပြီး ဘာကြောင့်ထည့်ရသည်ကိုမေးခွန်းထုတ်စရာဖြစ်နေသည် ၊ ဝဘ်ဆိုဒ်ဒီဇိုင်းဆွဲရာတွင် Content ကို Focus လုပ်ရမည်ဖြစ်သည် ၊ Content ကြည့်"ကောင်းရန်" အတွက် Graphics (သို့) Effect ကို အသုံးပြုရာတွင် လိုက်ဖက်မလိုက်ဖက်သည်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်

 

 

3. Content ကိုဖတ်ချင်စရာကောင်းအောင်လုပ်ရန်

 

       User များစိတ်ဝင်စားနေသည့်အရာများသည် Slogan (သို့) အရောင်အသွေးနှင့်ပြည့်စုံနေသော စာကြောင်းတိုတိုလေးများဖြစ်သည် ၊ အများအားဖြင့်ရှည်နေသော စာကြောင်းများကိုမကြိုက်ပါ ၊ အဘယ်ကြောင့်ဆိုသော်လိုအပ်ချက်များကို Scan ရှာဖွေရန်ခက်ခဲခြင်း (သို့) အဓိပ္ပါယ်ကိုနားလည်ရန်အချိန်ကြာအသုံးပြုရခြင်းတို့ကြောင့်ဖြစ်သည်

 

       User များကိုလွယ်ကူစွာရှာတွေ့နိုင်ရန်အတွက် လွယ်ကူသည့်နည်းလမ်းမှာ Headings(စာသားများကိုခေါင်းစဉ်တပ်ခြင်းဖြစ်သည်)အသုံးပြုရန်ဖြစ်သည် ၊ ဆောင်ပါးရှည်များကိုရေးလျှင် အစိတ်အပိုင်း(Text Block) ခွဲထားရန်လိုအပ်ပြီး Text Block အသီးသီးတွင် Heading တပ်ထားရန်လိုအပ်သည် ၊ Text Block ကိုချက်ချင်းကြည့်လိုက်လျှင် User များနားလည်နိုင်မည့်စာသားတိုတိုလေးများကိုအသုံးပြုပါ

 

       Text Block နှင့်အတူ Heading ကိုရရှိပြီး Text Block ရှည်နေသေးလျှင် Paragraph ထပ်ခွဲလိုက်ပါ ၊ အရေးကြီးသည့်စာများကို Bold, Italic (သို့) Underline လုပ်ပြီး ဖတ်ရာတွင်ပို၍လွယ်ကူရိုးရှင်းအောင်အထောက်အကူဖြစ်စေသည်

 

       နောက်ဆုံး အကြောင်းအရာများကို Space လုပ်ရန်မမေ့ပါနှင့် အက္ခရာအကွာအဝေး(letter-spacing) စာကြောင်းအမြင့် (line-height) အပါအဝင် (margin & padding) စာသားများကို ဖတ်ရာတွင်လွယ်ကူအောင်စီစဉ်ပါ

 

အရင်ပေးကမ်းရမည်ကို စိတ်ထဲစွဲနေအောင်မှတ်ထားပါ

 

       ဝဘ်ဆိုဒ်ဒီဇိုင်း(Web Design) ရေးဆွဲလျှင်User များကို အကောင်းဆုံးအရာများပေးရန်လိုအပ်သည် ၊ သူတို့ဆီက ယူရန်ကိုစဉ်းစားမနေပါနှင့် ၊ User များကိုထည့်သွင်းစဉ်းစားပြီး ဒီဇိုင်းရေးဆွဲလျှင် မိမိဝဘ်ဆိုဒ်အတွင်းဝင်ကြည့်သူများမည်ကို အတပ်ပြောနိုင်သည် ၊ ကြော်ငြာများစွာမထည့်ပါနှင့် ၊ မိမိဝဘ်ဆိုဒ်ကိုစိတ်ဝင်စားသူများရှိလာပြီဆိုလျှင် ဝင်ငွေရဖို့သိပ်မခက်ခဲတော့ပါ ၊ ဖော်ပြပါအချက် 3 ချက်နှင့်ပတ်သက်ပြီး မိမိဝဘ်ဆိုဒ်ကို ကြည့်ကောင်းအောင်ဒီဇိုင်းဆွဲထားရန် လိုအပ်သည် ၊ မိမိဝဘ်ဆိုဒ်ကောင်းကြောင်းကို User သိလာအောင်လုပ်ပါ ၊ နောက်ဆုံးတွင် User များမိမိတို့ဝဘ်ဆိုဒ်နှင့်သံယောဇဉ်တွယ်ငြိမည်ဖြစ်ပြီး မိမိဝဘ်ဆိုဒ်မှ ဘယ်အချိန်ခါမှ စွန့်ခွာသွားမည်မဟုတ်တော့ပါ

 

 

 

 

Credit : Siamhtml.com

 3109
ဝင်ကြည့်သူ
Follow us
Online Store နှင့်ဖန်တီးထားသောဝဘ်ဆိုဒ် အခမဲ့လုပ်ရန်