ဝဘ်ဆိုဒ်လုပ်ရန်လုပ်ငန်းစဉ်

ဝဘ်ဆိုဒ်လုပ်ရန်လုပ်ငန်းစဉ်

 

 

       Web Page ဖွံ့ဖြိုးဖန်တီးရန်အတွက် နှင့် ဝဘ်ဆိုဒ်ကို World Wide Web စနစ်သို့ဝင်ရောက်ပြီး ဝင်ကြည့်သူများဝင်ရောက်နိုင်ရန်အတွက် ဝဘ်ဆိုဒ်စီမံအုပ်ချုပ်သူများ ဖော်ပြပါနည်းလမ်းအတိုင်း လေ့လာရန်နှင့်လုပ်ဆောင်ရန်

 

1. လုပ်ငန်းအစီအစဉ်ဆွဲရန်

 

       လုပ်ငန်းအစီအစဉ်ဆွဲခြင်းသည် ဘယ်လမ်းကိုခြေလှမ်းရန်အတွက် လမ်းပြပေးနိုင်ပြီး ရည်မှန်းချက်ပန်းတိုင်အထိ လမ်းမလွဲအောင် လုပ်ဆောင်ပေးနိုင်သည် ၊ ထို့အတူ ဝဘ်ဆိုဒ်မှာလည်း ဝဘ်ဆိုဒ်မလုပ်ခင် ကြိုတင်အစီအစဉ်ဆွဲထားရန်လိုအပ်ပြီးဖော်ပြပါအတိုင်း အစီအစဉ်ဆွဲခြင်းကို လေ့လာနိုင်သည်

  • ဝဘ်ဆိုဒ်ဖန်တီးရန်အတွက် အချိန်ကိုသတ်မှတ်ထားရန်
  • ဝဘ်ဆိုဒ်ဖန်တီးရန်အတွက် Team အုပ်စုခွဲခြားထားရန်လိုအပ်သည် အနည်းဆုံး 3 အုပ်စာခွဲခြားထားရမည် HTML (သို့) Web Page ပရိုဂရမ်အပိုင်းတစ်စု ၊ ဒီဇိုင်းနှင့်ဓါတ်ပုံများကိုပြုပြင်ရေးဆွဲရန်အပိုင်းတွင်တစ်စု ၊ အကြောင်းအရာများကို စီမံခန့်ခွဲရန်အပိုင်းတစ်စု ခွဲခြားထားရန်လိုအပ်သည်
  • ကုန်ကြမည့်ငွေကို အရင်းအနှီးသတ်မှတ်ထားရန်
  • ဝဘ်ဆိုဒ်လုပ်ရန် ပစ္စည်းကိရိယာများလည်းရှိရန်လိုအပ်သည် ၊ ဥပမာ ကွန်ပျူတာ, Scanner စသည်ဖြင့်
  • ပြဿနာများအခက်အခဲများကိုကြိုတင်ဖြေရှင်းနိုင်ရန်

2. ဖွဲ့စည်းတည်ဆောက်ပုံများကိုစုစည်းရန်နှင့်စစ်ဆေးရန်

 

       အစီအစဉ်ဆွဲပြီးလျှင် ဝဘ်ဆိုဒ်ကိုဖန်တီးရန်အချက်အလက်များစုစည်းရမည် ၊ အသုံးပြုရာတွင် လွယ်ကူစေရန်အတွက်  ခေါင်းစဉ် အကြောင်းအရာ  အသံနှင့်ဓါတ်ပုံများအပါအဝင် အမျိုးအစားခွဲခြားထားပြီး ဖိုင်တစ်ခုခုတွင် စုစည်းထားရရန်လိုအပ်သည်

 

3. ဝဘ်ဆိုဒ်ဒီဇိုင်းဆွဲရန်နှင့်ဖန်တီးရန်

 

       အချက်အလက်များအားလုံးအသုံးပြုပြီး HTML (သို့) အခြား ဝဘ်ဆိုဒ်ဖန်တီးသော ပရိုဂရမ်များဖြင့် ဝဘ်ဆိုဒ်လုပ်ရန်အဆင့်ဖြစ်သည် ၊ ဝဘ်ဆိုဒ်ဒီဇိုင်းဆွဲရန် နှင့် ဖန်တီးရန် အဓိကအချက်မှာ

  • အသုံးပြုမည့် ဝင်ကြည့်သူ အမျိုးအစားများကို မှန်းဆထားခြင်းဖြင့် ဝဘ်ဆိုဒ်၏ရည်ရွယ်ချက်များကိုသတ်မှတ်ရန်
  • Browser များကိုရွေးချယ်ရန် ၊ ဝဘ်ဆိုဒ်ပြရန်အတွက် Browser ရွေးချယ်ခြင်းသည် ဝဘ်ဆိုဒ်အလျားအနံများကို သတ်မှတ်နိုင်ပြီး ဝဘ်ဆိုဒ်များကို လျင်မြန် လှပစေပါသည်
  • ဝဘ်ဆိုဒ်ပုံစံစီစဉ်ရန် ၊ Web Page ဘယ်နှစ်ခုအသုံးပြုမည်ကိုသတ်မှတ်ရန် နှင့် Web Page အသီးသီးတွင်အသုံးပြုမည့်အကြောင်းအရာများကို စီစဉ်ရန် လုပ်ငန်းအတွက် စက္ကူပေါ်တွင် အစီအစဉ်ဆွဲထားရန်လိုအပ်သည်
  • ဝဘ်ဆိုဒ်ဒီဇိုင်းဆွဲရန် Web Page စာမျက်နှာအသီးသီးတွင် ဒီဇိုင်းဆွဲပြီး Web Browser တွင်စမ်းသပ်ရန် (Offline ဖြင့်)

4. ဝဘ်ဆိုဒ်ကိုစမ်းသပ်ရန်နှင့်ပြုပြင်မွမ်းမံရန်

 

       ဝဘ်ဆိုဒ်ကို အင်တာနက်တွင်မတင်ရသေးသော Offline စမ်းသပ်ရန်ကိုဆိုလိုသည်  ၊ Web Browser အသီးသီးတွင်စမ်းသပ်နိုင်ပြီး ဥပမာ IE တွင်စမ်းသပ်နိုင်သည် ၊ စာလုံးအကြီးအငယ် ဓါတ်ပုံအရွယ်အစား အရောင် စသည်ဖြင့် စိတ်ကြိုက် ဝဘ်ဆိုဒ်နှင့် လိုက်ဖက်အောင်စမ်းသပ်ပြုပြင်နိုင်သည်

 

5. ဝဘ်ဆိုဒ်ကို Publish လုပ်ရန်

 

       အခြားသူများသိလာအောင် Publish လုပ်ခြင်းဖြစ်သည် (သို့) Upload လုပ်သည်ဟုခေါ်ပြီး ဝဘ်ဆိုဒ်ပိုင်ရှင်များက Domain Name နှင့် Hosting များကိုဝယ်ယူငှားရမ်းပြီးလျှင် အင်တာနက်အပေါ် Upload လုပ်ရမည်ဖြစ်သည် ၊ ပြီးလျှင် မိမိဝဘ်ဆိုဒ်အတွင်း ဝန်ဆောင်မှုများကို အခြားသူများစိတ်ဝင်စားလာအောင် ဝဘ်ဆိုဒ်ကိုကြော်ငြာရမည် Promote အဆက်မပြတ်လုပ်ရမည်ဖြစ်သည် ၊ အသုံးပြုသူများလာရန်အတွက် အချိန်အတော်အတန်ယူရမည်ဖြစ်သည် ၊ ပို၍ကောင်းစေရန်အတွက်  ဝင်ကြည့်သူ Counter (သို့) Statistics ရှိထားရန်လိုအပ်ပြီး မိမိဝဘ်ဆိုဒ်မည်မျှ စိတ်ဝင်စားစရာကောင်းသည်ကိုသိနိုင်ရန်အထောက်အကူဖြစ်မည်

 

6. ဝဘ်ဆိုဒ်ဖွံ့ဖြိုးလုပ်ဆောင်ရန်

 

       အကြောင်းအရာ ဓါတ်ပုံများကိုပြုပြင်ရန်ဖြစ်သည် (သို့) ဝဘ်ဆိုဒ်ကို Update ရန်ဖြစ်သည် ၊ အင်တာနက်လောကာတွင် အချိန်တိုင်း တိုးတက်ပြောင်းလဲမှုမြန်ဆန်သောကြောင့် ဒီအချက်သည် အရေးကြီးသည့်အချက်ဖြစ်သည် ၊ အသုံးပြုသူအများအပြား အချိန်တိုင်း ဝဘ်ဆိုဒ်အသီးသီးကိုဖွင့်ကြည့်တတ်ကြသည် ၊ ထို့ကြောင့်မိမိဝဘ်ဆိုဒ်အတွင်းဝင်ကြည့်ပြီး တစ်စုံတစ်ရာပြောင်းလဲမှုများ အချက်အလက်အသစ်များ တစ်ခုမှမတွေ့ရှိပါက ဝင်ကြည့်သူ အရေအတွက်လျော့နည်းသွားမည်ဖြစ်ပြီး ဝင်ကြည့်သူမရှိသည့်ဝဘ်ဆိုဒ်အထိ ဖြစ်သွားနိုင်သည်

 

       ထို့ကြောင့်ဝဘ်ဆိုဒ်ကို နေ့တိုင်း (သို့) အပတ်တိုင်းတွင် အချက်အလက်များ သတင်းအသစ်များကို Update လုပ်ပေးရန်လိုအပ်သည် ၊ ထိုအချိန်တွင် မိမိ၏ဝဘ်ဆိုဒ်တွင် အချိန်တိုင်းဝင်ကြည့်သူရှိနေမည်ဖြစ်ပြီး ထင်ရှားသောဝဘ်ဆိုဒ်အဖြစ်ရပ်တည်နိုင်မည်ဖြစ်သည်

 62524
ဝင်ကြည့်သူ
Follow us
Online Store နှင့်ဖန်တီးထားသောဝဘ်ဆိုဒ် အခမဲ့လုပ်ရန်