ဝဘ်ဆိုဒ်ပြုလုပ်ပုံ

ဝဘ်ဆိုဒ်ပြုလုပ်ပုံ

 

 

1. ဝဘ်ဆိုဒ်ပုံစံရွေးချယ်ရန်

ဝဘ်ဆိုဒ်ဖန်တီးရာတွင် ဝဘ်ဆိုဒ်ပုံစံရွေးချယ်ခြင်းသည် နည်းမျိုးပေါင်းစုံများစွာဖြင့် ရွေးချယ်နိုင်သည် ဥပမာ အဖွဲ့အစည်း ဝန်ဆောင်မှု ကုန်ပစ္စည်းများ၏ Theme များကိုရွေးချယ်ခြင်း ၊ ဝဘ်ဆိုဒ် Lay Out ရွေးချယ်ခြင်း စသည်ဖြင့် မိမိစိတ်ကြိုက်ပေါ်မူတည်ပြီးရွေးချယ်နိုင်သည် ဝဘ်ဆိုဒ်ပိုင်ရှင်ကိုယ်တိုင်ဖြင့် မိမိစိတ်ကြိုက်ဝဘ်ဆိုဒ်ပုံစံများကို ရွေးချယ်နိုင်သည်

 

2. ဝဘ်ဆိုဒ်အလှဆင်ရန်

ဝဘ်ဆိုဒ်ပုံစံရွေးချယ်ပြီးရင် ဝဘ်ဆိုဒ်အလှဆင်မှုကိုစတင်ရန်လိုအပ်ပြီ ဝဘ်ဆိုဒ်၏ မူလစာမျက်နှာ (Homepage) ကနေစပြီး ဝဘ်ဆိုဒ်နောက်ခံ (Background) စသည်ဖြင့်အလှဆင်ရမည် ၊ ဝဘ်ဆိုဒ်ပိုမိုလှပစေရန်အတွက် ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများ၏ ကြော်ငြာ Banner များလည်းအလှဆင် မွမ်းမံရမည်

 

3. ဝဘ်ဆိုဒ် Menu ဖန်တီးရန်

ဝဘ်ဆိုဒ်အလှဆင်ပြီးရင် ဝဘ်ဆိုဒ် Menu ကိုဖန်တီးရန် စတင်ရမည်ဖြစ်သည် ၊ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကို ရှာဖွေရာတွင်ထောက်အကူဖြစ်ရန်အတွက် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ အမျိုးအစားအလိုက်ခွဲခြားထားပြီး ဝဘ်ဆိုဒ်အပေါ်ဘက်Menu,  ဘေးဘက် Menu, Menu ငယ်များအပါအဝင် ဖန်တီးထားရမည်

 

4. အချက်အလက်နှင့်ဓါတ်ပုံများထည့်ရန်

ဝဘ်ဆိုဒ်၏အရေးကြီးဆုံးအရာသည် ဝဘ်ဆိုဒ်အတွင်းမှာရှိသည့် အချက်အလက်များအားလုံး နှင့် ကုန်ပစ္စည်းဓါတ်ပုံများဖြစ်သည် ၊ ကုန်ပစ္စည်းဓါတ်ပုံ နှင့်အချက်အလက်များသည် Customer များက မိမိ၏ကုန်ပစ္စည်းအမျိုးအစားများကို နားလည်နိုင်မည့်အရာဖြစ်သည် ၊ မိမိဝဘ်ဆိုဒ်အတွင်းအချက်အလက်များလေ Customer များ ကြိုက်လေဖြစ်ပြီး အချက်အလက်များလျှင်  Search Engine ဖြင့် မိမိဝဘ်ဆိုဒ်တွင်းသို့ ဝင်ရောက်နိုင်အတွက်လည်းအကျိုးအမြတ်ဖြစ်ထွန်းပါသည်

 

5. Social Network စနစ် စစ်ဆေးရန်နှင့် ထည့်ရန်

ဝဘ်ဆိုဒ်ဖန်တီးပြီးရင် လုပ်ငန်းရှင်များ၏  Social Network ထည့်ရန်အတွက်မမေ့ပါနှင့် ၊ ဥပမာ Facebook Twitter စသည်တို့ဖြစ်သည် ၊ ဒီအရာများသည် Customer များနှင့် အခြားအသုံးပြုသူများ မိမိတို့ကုမ္မဏီ၏ အသေးစိတ်အချက်အလက်များ လှုပ်ရှားမှုများကိုသိမြင်စေနိုင်သည့်အရာဖြစ်သည် ၊ Customer များနှင့်လည်းလွယ်ကူစွာဆက်သွယ်နိုင်သည့်အရာများဖြစ်သည်

 

6. ဝဘ်ဆိုဒ်ကိုအများသိလာအောင်ကြော်ငြာရန်

ဝဘ်ဆိုဒ်ရှိနေသော်လည်းကြော်ငြာခြင်းမလုပ်လျှင် (သို့) ဝဘ်ဆိုဒ်ကို Promote မလုပ်လျှင် ဝဘ်ဆိုဒ်လုပ်ထားခဲ့သည့်အရာအားလုံးမှာ အကျိုးအမြတ်ဖြစ်ထွန်းမည် မဟုတ်ပါ ၊ Cutomer များ၏စိတ်ဝင်စားခြင်းမရှိသည့် ဝဘ်ဆိုဒ်အဖြစ်ခံရမည်ဖြစ်ပြီး ဝဘ်ဆိုဒ်ရှိနေသော်လည်း ဝဘ်ဆိုဒ်မရှိတာနှင့်တူနေသည် ၊ ဝဘ်ဆိုဒ်ကနေ အကျိုးအမြတ်များရချင်လျှင် Customer များသိလာအောင် Promote လုပ်ရမည်ဖြစ်သည် ၊ Promote လုပ်ရန်မခက်ခဲပါ SEO လုပ်တတ်ရုံဖြင့် Customer များရှာဖွေမှုမှ Search Engine ၏ ထိပ်ဆုံးတွင်နေရာရရှိနိုင်သည် ထိုအခါတွင်မိမိဝဘ်ဆိုဒ်အတွင်းသို့ Customer များအဆက်မပြတ်ဝင်ရောက်နေလိမ့်မည်

 

 

 

 

Credit :Phenwisar Latarna

 35021
ဝင်ကြည့်သူ
Follow us
Online Store နှင့်ဖန်တီးထားသောဝဘ်ဆိုဒ် အခမဲ့လုပ်ရန်