ဝဘ်ဆိုဒ်စီမံရာတွင်ညံ့ရသည့်အကြောင်းရင်း 10 ချက်

ဝဘ်ဆိုဒ်စီမံရာတွင်ညံ့ရသည့်အကြောင်းရင်း 10 ချက်

 

 

 

       ယနေ့တွင်ဝဘ်ဆိုဒ်အသစ်အများအပြား ဆက်လက်ပေါ်ပေါက်နေသည် ၊ဝဘ်ဆိုဒ်ရှိနေသော်လည်း ဝဘ်ဆိုဒ်စီမံအုပ်ချုပ်မှုညံ့နေသေးလျှင် (သို့) ဗလာဖြစ်နေလျှင် ဘာကြောင့်ဖြစ်ရသည်ဆိုသည့်အကြောင်းရင်းကိုဖတ်လိုက်ပါ?

 

1. အဘယ်ကြောင့်ဝဘ်ဆိုဒ်ဖန်တီးသည်ကိုမသိခဲ့ခြင်း?

 

       ယနေ့တွင် ရည်မှန်းချက်မရှိသည့် ဝဘ်ဆိုဒ်ပေါင်းများစွာရှိနေသည် ၊ တစ်ချို့တွင် ဝဘ်ဆိုဒ်ဖန်တီးရသည့်အကြောင်းရင်းမှာ နေရာ ဖုန်းနံပါတ် မြေပုံ တို့သာထည့်ပြီး မိမိကုမ္မဏီကြည့်ကောင်းစေရန် Professional ဖြစ်နေရန်သာ ဖန်တီးထားခြင်းဖြစ်သည် ၊ မိမိတို့၏ကတ်ပြားအတွင်း ဝဘ်ဆိုဒ်နှင့် Email ရှိနေရန် ဝဘ်ဆိုဒ်လုပ်ထားသူများလည်းရှိသည် ၊ တကယ်တမ်းတွင် အဖွဲ့အစည်းအတွက် ဝဘ်ဆိုဒ်လုပ်ထားခြင်းသည် ကြည့်ကောင်းနေသော်လည်း အဘယ်ကြောင့်ဝဘ်ဆိုဒ်လုပ်ထားသည့်အကြောင်းရင်း ရည်မှန်းချက်ကိုမသိလျှင် စီးပွားရေးတွင်အသုံးပြုရန်အတွက် အကျိုးအမြတ်မဖြစ်ထွန်းပါ ၊ ဝဘ်ဆိုဒ်တိုးတက်ရန်အတွက် Customer များများရှိရန်အတွက် ဝဘ်ဆိုဒ်ဖန်တီးရသည့်အကြောင်းရင်း ရည်မှန်းချက်ပန်းတိုင်ရှိရမည်

 

2. ပိုင်ရှင်အကြိုက်သာ အလိုလိုက်ထားသည့်ဝဘ်ဆိုဒ်ပုံစံဖြစ်နေခြင်း

 

       ရှာဖွေချင်သည့်အချက်အလက်ကိုရှာတွေ့ရန်ခက်ခဲသည့်ဝဘ်ဆိုဒ်ကိုဝင်ဖူးပါသည်လား? ၊ အဘယ်ကြောင့် အချက်အလက်ရှာဖွေရာတွင်ရှာတွေ့ရန်ခက်ခဲသည့်အကြောင်းရင်းမှာ ပိုင်ရှင်အကြိုက်သာ ဝဘ်ဆိုဒ်ပုံစံရေးဆွဲထားသည့်အကြောင်းရင်းကြောင့်ဖြစ်သည် ဝဘ်ဆိုဒ်ပိုင်ရှင်သည် မိမိအကြိုက်သာဝဘ်ဆိုဒ်ပုံစံသာဖန်တီးထားမယ်ဆိုလျှင်လည်း စီးပွားရေးအတွက်မဖြစ်ထွန်းနိုင်ပါ ၊ မိမိဝဘ်ဆိုဒ်တွင်မိမိကိုယ်တိုင်အသုံးပြုမည်မဟုတ်သောကြောင့် တကယ်တမ်းဆိုလျှင် Customer များ၏စိတ်ကြိုက်ကိုသာလေ့လာထားရမည်ဖြစ်ပြီး ဒီ Customer များကြိုက်သည့်ပုံစံကိုသာ အလိုလိုက်ဝဘ်ဆိုဒ်ပုံစံဖန်တီးမှ မိမိ၏ဝဘ်ဆိုဒ်တိုးတက်အောင်မြင်မည်ဖြစ်သည် ၊ မိမိစိတ်ကြိုက်ကိုသာလျှင်အလိုမလိုက်ပါနှင့် အသုံးပြုသူများ၏စိတ်ကြိုက်ကိုထည့်သွင်းစဉ်းစားရန်လိုအပ်သည်

 

3. ဝဘ်ဆိုဒ်အသုံးပြုသူများကို မသိခဲ့ခြင်း

 

       အချို့ဝဘ်ဆိုဒ်တွင် မြန်မာလူမျိုးအတွက် အသုံးပြုရန်ရည်မှန်ထားသောကြောင့် ဝဘ်ဆိုဒ်ကိုဖန်တီးထားသည် ၊ သို့ပေမယ့်လည်း ဝဘ်ဆိုဒ်အတွင်းဖန်တီးထားသည့် Menu နှင့် အကြောင်းအရာများသည် မြန်မာဘာသာမဟုတ် အင်္ဂလိပ်ဘာသာဖြစ်နေသည် ၊ ဝဘ်ဆိုဒ်အတွင်းအသုံးပြုသူများသည် အင်္ဂလိပ်ဘာသာနားလည်ထားလျှင် ပြဿနာမရှိသော်လည်း အင်္ဂလိပ်နားမလည်သူများအတွက် အထူးပြဿနာရှိနေသည် ၊ ထို့ကြောင့် ရည်မှန်းထားသည့်အသုံးပြုသူများအပေါ်အရင်လေ့လာပြီး ဝဘ်ဆိုဒ်အတွင်းမည်သည့်ဘာသာအသုံးပြုရန်သင့်တော်သည်ကိုလည်းလေ့လာထားရန်လိုအပ်သည် ၊

 

4. အရာရာအားလုံး Home စာမျက်နှာတွင်လာရောက်စုစည်းနေခြင်း

 

       Customer များအတွက် အချက်အလက်မမြင်မှာကိုစိုးရိမ်ကြပြီး ဝဘ်ဆိုဒ်ပိုင်ရှင်များက ဝဘ်ဆိုဒ်အတွင်းမှာရှိသည့် အချက်အလက်များအားလုံးကို Home စာမျက်နှာတွင်လာစုစည်းထားသည် ၊ ထို့ကြောင့် Home စာမျက်နှာတွင် အချက်အလက်ကြည့်ရန်အောက်ကိုဆွဲချလိုက်လျှင် အသုံးမသတ်ဖြစ်နေသည် Customer များအတွက်ရှုပ်ထွေးစေသည် ၊ အချက်အလက်များအသီးသီးတွင်အမျိုးအစားအလိုက် အသစ်အဟောင်းအလိုက်ပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားရန်လိုအပ်သည် ၊
ဥပမာ - ရိုးရှင်းလွယ်ကူသော Menu များကိုဖန်တီးထားခြင်း (သို့) ဝဘ်ဆိုဒ်အတွင်း ရှာဖွေရန်စနစ် (Search Engine) တပ်ဆင်ထားဖြင့် ပြုလုပ်နိုင်သည်

 

5. အချက်အလက် Update မလုပ်ခြင်း

 

       အချို့ဝဘ်ဆိုဒ်များတွင် ဝဘ်ဆိုဒ်အချက်အလက်များမမှန်ကန်ခြင်း Update မလုပ်ခြင်း အချက်အလက်များဟောင်းနေခြင်း ပြဿနာများနှင့်ကြုံတွေ့နေရသည် ၊ ဝဘ်ဆိုဒ်အတွင်းအချက်အလက်များမှန်ကန်ရန်နှင့် Update မှန်မှန်လုပ်ပေးရန်လိုအပ်သည် ၊ ဥပမာ - ကုန်ပစ္စည်းရောင်းသည့်ဝဘ်ဆိုဒ်ဆိုလျှင် (နေ့စဉ်ပြောင်းလဲမှုရှိတတ်သော ကုန်ပစ္စည်းဈေးနှုန်းများ ဥပမာ ရွှေ, ကွန်ပျူတာပစ္စည်းများ) ၊ အကောင်းဆုံးဆိုလျှင် ဝဘ်ဆိုဒ်အချက်အလက် Update လုပ်ရန်လူငှားထားသင့်သည် ၊ အချက်အလက်များမှန်ကန်မှုကို ဝဘ်ဆိုဒ်အတွင်းမတင်ခင် သေသေချာချာစစ်ဆေးရန်လိုအပ်သည်

 

6. ဝဘ်ဆိုဒ်ပုံစံကို အဆက်မပြတ်ပြောင်းလဲနေခြင်း

 

       အချို့ဝဘ်ဆိုဒ်တွင် ဝဘ်ဆိုဒ်ပိုင်ရှင်သည် အနုပညာသမားဖြစ်နိုင်ပြီး ဝဘ်ဆိုဒ်ပုံစံကိုစိတ်ကြိုက်အဆက်မပြတ် လတိုင်းပြုပြင်ပြောင်းလဲမှုရှိသည် ၊ အရောင် ဓါတ်ပုံ (သို့) အချက်အလက်အစိတ်အပိုင်းများသာပြောင်းလဲခဲ့လျှင်ပြဿနာမဟုတ်သော်လည်း အသုံးပြုပုံ, Layout, Button (သို့) Menu များကိုအဆက်မပြတ်ပြောင်းလဲခဲ့လျှင် အသုံးပြုသူများအတွက် ရှုပ်ထွေးစေနိုင်သည် ၊ ဝဘ်ဆိုဒ်ပုံစံအားလုံးပြောင်းလဲခြင်း (Major Change) သည် ထပ်ခါထပ်ခါမပြောင်းလဲသင့်ပါ ၊ လိုအပ်လျှင်တစ်နှစ်လျှင် 1 ကြိမ် (သို့) 2 ကြိမ်သာပြောင်းလဲသင့်သည်

 

7. Customer များဆက်သွယ်လာချိန်တွင် ပြန်၍မဖြေကြားခဲ့ခြင်း

 

       တစ်ချို့ဝဘ်ဆိုဒ်တွင် ဝဘ်ဆိုဒ် Email ကနေတစ်ဆင့် Customer များဆက်သွယ်လာချိန်တွင် Email ကိုအသုံးပြုသူမရှိထိန်းသိမ်းသူမရှိသောကြောင့် ပြန်ကြားမရနိုင်သည့်အခါတွင် Customer များ၏မေးခွန်းကိုပြန်ကြားသူမရှိဖြစ်နေသည် ၊ တစ်ချို့ Webboard တွင်လည်း Customer များမေးလာသည့်မေးခွန်းသာရှိပြီး ပြန်ဖြေကြားမည့်သူ မရှိဖြစ်နေသည် ၊ ထို့ကြောင့် ဝဘ်ဆိုဒ်ကို အသုံးပြုသူ Customer များသည် ဝဘ်ဆိုဒ်ဝန်ဆောင်မှုညံ့သည်ဟုထင်သွားပြီး ဝဘ်ဆိုဒ်အပေါ်လည်းသဘောကျမည်မဟုတ်ပါ ၊ ထို့ကြောင့် Customer  များ၏ဆက်သွယ်ချက် မေးခွန်းများအပေါ် အလွန်အလေးထားရန်လိုအပ်သည်

 

8. ဝဘ်ဆိုဒ်အပေါ်အလေးထားမှုနည်းနေခြင်း

 

       တစ်ခါတစ်လေတွင် အခြားအကြောင်းအရာများကို အရေးစိုက်ပေးကြပြီး ဝဘ်ဆိုဒ်ကိုအလေးထားရန် မေ့တတ်ကြသည် ၊ တကယ်တမ်းဆိုလျှင်ဝဘ်ဆိုဒ်သည်အခြားအကြောင်းအရာများထက်ပို၍အရေးကြီးသည် ၊ ထို့ကြောင့်ဝဘ်ဆိုဒ်ကိုအရေးစိုက်ပေးကြရန်လိုအပ်သည်

 

9. Domain Hosting သက်တမ်းကုန်နေသည်ကိုမသိခဲ့ခြင်း

 

       Domain Name နှင့် Hosting ပမာဏငှားရမ်းမှတ်ပုံတင်ရာရာတွင် တစ်ချို့သည် နှစ်အလိုက်အဆက်မပြတ်အသုံးပြုကြပြီး တစ်ချို့တွင်တစ်နှစ်အတွက်သာ အသုံးပြုကြသည် ၊ ထို့ကြောင့်တစ်ခါတစ်လေတွင် Domain Name နှင့် Hosting ကိုသက်တမ်းတိုးရန်မေ့ထားကြပြီး ဝဘ်ဆိုဒ်အသုံးမပြုနိုင်ခြင်း ကံဆိုးသူများဆိုလျှင် Domain Name ကိုအခြားသူများလာရောက်ယူသုံးသွားခြင်းတို့ ဖြစ်တတ်သည် ၊ တစ်ခါတစ်လေတွင်လည်း ဝဘ်ဆိုဒ်အချက်အလက်များအားလုံး ဖျက်ခြင်းခံရပြီး ဝဘ်ဆိုဒ်ကိုအချိန်မှန်မှန် မကြည့်ရှုထိန်းသိမ်းခြင်းကြောင့်ဖြစ်သည် ၊ အကောင်းဆုံးဖြစ်ချင်တယ်ဆိုရင် Domain Name ဝန်ဆောင်သူများကိုအဆက်မပြတ်ဆက်သွယ်ထားရန်လိုအပ်ပြီး Hosting သက်တမ်းတိုးရာတွင်လည်း သက်တမ်းမကုန်ခင် ကြိုတင်သက်တမ်း တိုးထားခြင်းသည်အကောင်းဆုံးဖြစ်သည် ၊

 

10. ဝဘ်ဆိုဒ်ထိန်းသိမ်းသူမရှိခြင်း

 

       ဒီအချက်သည်အရေးကြီးဆုံးအချက်ဖြစ်သည် ဝဘ်ဆိုဒ်ရှိနေသော်လည်း အချက်အလက်များပြောင်းလဲရန် ထိန်းသိမ်းသူမရှိသည့်ဝဘ်ဆိုဒ်ဖြစ်နေသည် ၊ ဝဘ်ဆိုဒ်ပိုင်ရှင်တစ်ချို့က အချက်အလက်များပြောင်းလဲရန်စိတ်ကူးမရှိခြင်း အချို့တွင် မိမိမှာဝဘ်ဆိုဒ်ရှိနေသည်ကိုမေ့နေခြင်းတို့ဖြစ်သည် ၊ ဝဘ်ဆိုဒ် စီမံအုပ်ချုပ်မည့်လူသည်မရှိလျှင် အဘယ်ကြောင့်ဝဘ်ဆိုဒ် လုပ်ထားပါသလဲ?

 

       ဒီအချက် 10 ချက်ကိုဖတ်ပြီးလျှင် ဘယ်နေရာမှာ ပြုပြင်ရန်လိုအပ်သည်ကို အလျင်အမြန်ပြန်ပြီးပြုပြင်လိုက်ပါ ဝဘ်ဆိုဒ်အတွက်အောင်မြင်မှုရရှိလိမ့်မည်

 

 

 

 

Credit : Pawoot.com

 1915
ဝင်ကြည့်သူ
Follow us
Online Store နှင့်ဖန်တီးထားသောဝဘ်ဆိုဒ် အခမဲ့လုပ်ရန်