E-commerce ဝဘ်လုပ်ခြင်း၏ အကျိုးအမြတ် 4 ချက်

E-commerce ဝဘ်လုပ်ခြင်း၏ အကျိုးအမြတ် 4 ချက်


 

       လူ့ဘဝတွင်အဆန်းအသစ်များဖြင့်တိုးတက်ဖွံ့ဖြိုးနေသည် ထိုအထဲတွင် သိပ္ပံပညာသည် ခေတ်စားဆုံးဖြစ်ပြီး ခေတ်မှီနည်းပညာများဖြင့်ဖွံ့ဖြိုးတိုးတက်နေသည် လတ်တလောတွင် 'အင်တာနက်' သည် သိပ္ပံနည်းပညာထဲတွင်အပါအဝင်ဖြစ်ပြီး နည်းပညာများထဲတွင်ခေတ်စားဆုံးဟုလည်းပြောနိုင်သည်

 

       အင်တာနက်ဖြင့် စီးပွားရေးလုပ်ခြင်းသည် အခုခေတ်တွင်ခေတ်စားနေပြီး ထို့အတူကွန်ပျူသာဖန်သားအပေါ်အွန်လိုင်းတွင် ကုန်ပစ္စည်းရောင်းဝယ်ဝဘ်ဆိုဒ်များခေတ်စားနေသည်

 

       နိုင်ငံခြားတွင် ကုန်ပစ္စည်းရောင်းဝယ်သည့်ဝဘ်ဆိုဒ် တည်ထောင်ခြင်းသည် အထူးခေတ်စားနေသည် ဒါပေမယ့်မြန်မာနိုင်ငံတွင် ဝဘ်ဆိုဒ်ဖြင့်ကုန်ပစ္စည်းရောင်းဝယ်ခြင်းသည် စတင်ရုံသာရှိသည် ၊ အဘယ်ကြောင့်ဆိုသော်တစ်ဦးနှင့်တစ်ဦးယုံကြည်မှုမရှိသောကြောင့်တစ်နေရာတွင်တွေ့ဆုံနိုင်ရန်ချိန်းထားပြီးရောင်းဝယ်မှုပြုလုပ်ကြသည် ၊ အခုအချိန်တွင်ယုံကြည်စိတ်ချရမှုဖြင့်စတင်ပြောင်းလဲလာသောကြောင့် ကွန်ပျူတာမျက်နှာပြင်ပေါ်တွင်ရောင်းဝယ်မှုပြုလုပ်ကြသည် ၊ ဝဘ်ဆိုဒ်ပေါ်တွင်ကုန်ပစ္စည်းရောင်းဝယ်ခြင်းသည် စီးပွားရေးအပေါ်အထူးအကျိုးအမြတ်ဖြစ်သည် ၊အကျိုးအမြတ်များမှာဖော်ပြပါအတိုင်းဖြစ်သည်

 

1. ဝဘ်ဆိုဒ်သည်ငွေကြေးကုန်ကြနည်းသည်

 

       ဝဘ်ဆိုဒ်ဖြင့်ကုန်ပစ္စည်းရောင်းခြင်းသည် ငွေကြေးကုန်ကျနည်းနေသည်ကို ထင်ရှားစွာတွေ့မြင်နိုင်သည် ၊ ဆိုင်ဖွင့်ပြီးကုန်ပစ္စည်းရောင်းခြင်းနှင့်ဝဘ်ဆိုဒ်ဖွင့်ပြီးကုန်ပစ္စည်းရောင်းခြင်းကိုနှိုင်းယှဉ်လျှင်ဘယ်လောက်ကွာခြားပုံကိုလုပ်ငန်းရှင်များထင်ရှားစွာသိမြင်နိုင်ပါသည်
အွန်လိုင်းကနေတစ်ဆင့်ကုန်ပစ္စည်းရောင်းလျှင်ကုန်ကျငွေအထူးသက်သာပါသည် ၊ အဘယ်ကြောင့်ဆိုသော် ဝဘ်ဆိုဒ်လုပ်မည်ဆိုလျှင်ကုန်ကျငွေနည်းပြီး Domain အမည်နှင့်ဝဘ်ဆိုဒ်လုပ်ခ ငွေအနည်းငယ်သာကုန်ကျပါသည် ၊ (သို့)ဖန်တီးထားသောဝဘ်ဆိုဒ်ကိုရွေးချယ်ဝယ်ယူလိုက်လျှင်စီးပွားရေးစတင်ရန်အတွက်ကောင်းသောရွေးချယ်မှုဖြစ်သည်

 

2. ဝဘ်ဆိုဒ်အတွင်းဝင်ရောက်ရန်လွယ်ကူခြင်း

 

       Customer များကိုယ်တိုင်လာစရာမလိုပဲ 24 နာရီအထိ အချိန်တိုင်း ကုန်ပစ္စည်းများကိုမှာယူနိုင်သည်

 

       အင်တာနက်ဖြင့်ဆက်သွယ်ခြင်းသည်ကမ္ဘာ့အရပ်ရပ်မှ World Wide Web Network ကနေတစ်ဆင့်ဆက်သွယ်နိုင်သည် ၊ ဝဘ်ဆိုဒ်ပေါ်ကုန်ပစ္စည်းရောင်းခြင်းသည် Customer များအတွက်လွယ်ကူစေပြီး ကုန်ပစ္စည်းကိုကုမ္မဏီအထိ(သို့)ဆိုင်အထိအချိန်ကုန်ပြီး ကုန်ပစ္စည်းသွားဝယ်ရန်လဲမလိုပါ ၊ ဝဘ်ဆိုဒ်ပေါ်တွင်လည်း 24 နာရီ အချိန်တိုင်း ကုန်ပစ္စည်းများကိုမှာယူနိုင်သည်

 

3. ဝဘ်ဆိုဒ်လုပ်လျှင်ဆိုင်ဖွင့်ရန်မလို

 

       ဝဘ်ဆိုဒ်ဖြင့်ကုန်ပစ္စည်းများရောင်းချခြင်းသည်ဆိုင်ဖွင့်ပြီးကုန်ပစ္စည်းရောင်းချခြင်းထက်ပို၍သာသည် ၊ အဘယ်ကြောင့်ဆိုသော် ဆိုင်ဖွင့်မည်ဆိုလျှင် ဆိုင်ခန်းငှားရမ်းခအတွက် ပြင်ဆင်ဖို့အတွက် အလုပ်သမားငှားရမ်းဖို့အတွက် စသည်ဖြင့်ကုန်ကြငွေများပြားရုံမက ဆိုင်ဖွင့်ပိတ်ဖို့အတွက် ပင်ပန်းရသေးသည် စီးပွားရေးစတင်သူများအတွက် ဆိုင်ဖွင့်ခြင်းသည်သိပ်အဆင်မပြေပါ အရင်းအနှီးများပြန်ရရှိရန်သိပ်ခက်ခဲလိမ့်မည်

 

4. ဝဘ်ဆိုဒ်ဖြင့်ရောင်းခြင်းသည်စိတ်ဝင်စားမှုပိုကောင်းသည်

 

       ဆိုဒ်ဘာအွန်လိုင်းပေါ်ကသတင်းများသည်အထူးခေတ်မီပြီး ကုန်ပစ္စည်းရောင်းချရာတွင် ဝယ်ယူသူများကိုအထူးဆွဲဆောင်မှုရှိပါသည် ၊ လုပ်ငန်းရှင်များ ကုန်ပစ္စည်းများကို စိတ်ကြိုက်အလှဆင်နိုင်ပြီး စိတ်ဝင်စားစရာပိုကောင်းလာအောင် ကုန်ပစ္စည်းများကို ဓါတ်ပုံရိုက်ခြင်း Video ရိုက်ပေးခြင်းဖြင့်လည်း ဝယ်ယူသူများကိုဆွဲဆောင်စေပါသည် ၊ ဝဘ်ဆိုဒ်တည်ထောင်ပြီးကုန်ပစ္စည်းရောင်းခြင်းသည်ခေတ်မှီရုံမက ဝယ်ယူသူများကိုလည်းဆွဲဆောင်အားကောင်းစေသည်   

 

       မြန်မာနိုင်ငံတွင် ဝဘ်ဆိုဒ်ပေါ်ကုန်ပစ္စည်းရောင်းခြင်းသည် စတင်ရုံသာရှိသေးသည် ပြိုင်ဘက်များလည်းသိပ်မရှိသေးပါ ၊ ထို့ကြောင့် လုပ်ငန်းရှင်များအတွက် ဒီနည်းလမ်းဖြင့်စီးပွားရေးလုပ်ရန် ထည့်သွင်းစဉ်းစားရမည် ၊ “အရင်လုပ်လျှင်နောက်မှလုပ်သူများထက်ပို၍သာမည်” ဆိုသောဆောင်ပုဒ်ကိုမမေ့ပါနှင့်

 

 

 

 

Credit : INCquity

 4611
ဝင်ကြည့်သူ
Follow us
Online Store နှင့်ဖန်တီးထားသောဝဘ်ဆိုဒ် အခမဲ့လုပ်ရန်