ဝဘ်ဆိုဒ်နှင့်ပတ်သက်သည့်ဝေါဟာရများ

ဝဘ်ဆိုဒ်နှင့်ပတ်သက်သည့်ဝေါဟာရများ

 

1. Domain Name

    ဝဘ်ဆိုဒ်အမည်ဖြစ်သည် (အခြားဝဘ်ဆိုဒ်အမည်များနှင့်မထပ်နိုင်ပါ) ဥပမာ google.com, enjoyday.net


2. Hosting

    ဝဘ်ဆိုဒ်အချက်အလက်များသိမ်ဆည်းရန် ဝဘ်ဆိုဒ်ပမာဏငှားရမ်းခြင်းဖြစ်သည် ၊ တစ်နှစ်တာအတွက်ငှားရာတွင် ဝဘ်ဆိုဒ်အချက်အလက်ပမာဏပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိသည်


3. Website

    ကုမ္မဏီ(သို့)အဖွဲ့အစည်းများ၏အချက်အလက်များကိုစုစည်းထားသည့်နေရာဖြစ်သည်


4. Home Page

    ဝဘ်ဆိုဒ်၏ပင်မစာမျက်နှာဖြစ်သည်


5. Web Page

    ဝဘ်ဆိုဒ်၏အသေးစိတ်အချက်အလက်များပြထားသောစာမျက်နှာဖြစ်သည်


6. Web browser

    ဝဘ်ဆိုဒ် Admin ပြထားသည့်အချက်အလက်အတိုင်း Web Page ကြည့်ရန် ပရိုဂရမ်ဖြစ်သည် ၊ အသုံးပြုသူများအသုံးနိုင်သည့် browser များစွာရှိသည် ။ ဥပမာ Internet Explorer (IE), Mozilla Firefox, Safari နှင့် Opera စသည်ဖြင့်


7. Header

    အဖွဲ့အစည်းများ၏ အခြားအသေးစိတ်အချက်အလက်များကိုဝင်ကြည့်နိုင်ရန်အတွက် ဝဘ်ဆိုဒ်အမည် Logo, Menu စသည်ဖြင့်ဝဘ်ဆိုဒ်ထိပ်ဆုံးအပိုင်းတွင်ရှိသောအရာများဖြစ်သည်


8. Footer

    ဝဘ်ဆိုဒ်၏အောက်ခြေပိုင်းရှိအရာများဖြစ်ပြီး ဝဘ်ဆိုဒ်ကိုဆက်သွယ်ရန်အချက်အလက် အရေးကြီးသည့်ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုကိုစသည်ဖြင့်ပြထားသည့်အောက်ခြေအပိုင်းဖြစ်သည်


9. Menu Bar

    ဝဘ်ဆိုဒ်၏ Menu Tab များဖြစ်သည


10. Upload

    ကျွန်ုပ်တို့အသုံးပြုနေသော Device မှ Web Server သို့အချက်အလက်ပို့ရန်ဖြစ်သည် ၊ ကျွန်ုပ်တို့သည် Web Page ဖန်တီးလိုက်သည့်အချိန်တွင် FTP ပရိုဂရမ်ဖြင့် အချက်အလက်ဝန်ဆောင်မှုပေးသည့်ကွန်ပျူတာ Web Server ဆီသို့သိမ်းဆည်းရန်အတွက် ပို့ပေးသည့်စနစ်ဖြစ်သည်


11. Search engine

    အချက်အလက်များကိုရှာဖွေရန်အတွက် Tool (သို့) Program တစ်ခုဖြစ်သည် ၊ ဥပမာ yahoo.com,Google.com, bing.com စသည်ဖြင့်


12. Banner

    ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများ၏ ကြောငြာဆိုင်းပုဒ် (သို့) ဓါတ်ပုံတစ်ခုဖြစ်သည် ၊ Customer များကိုဆွဲဆောင်စေသောဓါတ်ပုံဆိုင်းပုဒ်ဖြစ်သည်


13.  SEO (Search Engine optimization)

    Search Engine စနစ်ကိုရှာဖွေရာတွင် ကိုယ့်ဝဘ်ဆိုဒ်ကိုပေါ်ဆုံးတွင်ရှိနေရန် ဝန်ဆောင်ပေးသည့်စနစ်ဖြစ်သည်


14.  Add Product

    ဝဘ်ဆိုဒ်ပေါ်တွင်ကုန်ပစ္စည်း(ကုန်ပစ္စည်း အချက်အလက် ဓါတ်ပုံ) တင်ရန်ဖြစ်သည်


15.  Add Content

    ဝဘ်ဆိုဒ်၏အသေးစိတ်အချက်အလက်များနှင့်ဆောင်းပါးများကိုတင်ရန်ဖြစ်သည်


16.  Template

    Customer များစိတ်ကြိုက်အသုံးပြုနိုင်ရန် ဖန်တီးထားသည့် ဝဘ်ဆိုဒ်ပုံစံဖြစ်သည်


17.  Theme

    Customer များလိုအပ်သည့်ဝဘ်ဆိုဒ်ပုံစံတစ်ခုဖြစ်သည် ၊ ဥပမာ Pattern, Tone အရောင်များဖြစ်သည်


18.  Lay Out

    လွယ်ကူစွာရိုးရှင်းစွာအသုံးပြုနိုင်ရန်အတွက် ဝဘ်ဆိုဒ်၏ပုံစံများနှင့် ဝဘ်ဆိုဒ်အချက်အလက်များကိုစီမံခန့်ခွဲရန်ဖြစ်သည်  


19.  Category

    ဝန်ဆောင်မှု အမျိုးအစား (သို့) ကုန်ပစ္စည်း အမျိုးအစားဖြစ်သည်


20.  Webmaster

    ဝဘ်ဆိုဒ်စီမံခန့်ခွဲသူ


21.  E-newsletter  

    အင်တာနက်ကနေတစ်ဆင့် ဝဘ်ဆိုဒ်မှာတင်သည့်သတင်းများကို အဖွဲ့ဝင်ဆီသို့ပို့ပေးရန်စနစ်ဖြစ်သည်


22.  Keyword

    အသုံးပြုသူများ ရေးလိုသည့်စာလုံး အဲဒီစာလုံးများကို ဝဘ်ဆိုဒ်ပေါ်တွင်လွယ်ကူစွာ ရှာဖွေတွေ့ရှိရန်အတွက် သတ်မှတ်ထားသည့်စာလုံးဖြစ်သည်


23.  Spam

    ကျွန်ုပ်တို့အလိုမရှိသော Email အမှိုက်ပုံးထဲတွင်ရှိနေသော Email ကျွန်ုပ်တို့မသိသည့်အရာမှ ပို့လာသော Email ဖြစ်သည် ၊ အသုံးပြုသူအများအပြား Email Spam ပို့ရသည့်ရည်ရွယ်ချက်မှာ ဝန်ဆောင်မှုကိုကြော်ငြာချင်သောကြောင့်ဖြစ်သည်


24.  FAQ (Frequently Asked Questions)

    ဝဘ်ဆိုဒ်အသုံးပြုသူဆီမှ အထပ်ထပ်တွေ့တတ်သောမေးခွန်းဖြစ်သည် ၊ ထို့ကြောင့်အခြားအသုံးပြုသူများသိစေရန် ပြဿနာများကိုဖြေရှင်းရာတွင်လွယ်ကူစေရန် ဝဘ်ဆိုဒ်စီမံခန့်ခွဲသူက အထပ်ထပ်တွေ့တတ်သောမေးခွန်းများနှင့်အဖြေများကိုဝဘ်ဆိုဒ်ပေါ်တွင်တင်ထားပါသည်

 34251
ဝင်ကြည့်သူ
Follow us
Online Store နှင့်ဖန်တီးထားသောဝဘ်ဆိုဒ် အခမဲ့လုပ်ရန်