Banner ဆိုတာဘာလဲ? ဘာကြောင့် Banner ရှိသင့်သလဲ?

Banner ဆိုတာဘာလဲ? ဘာကြောင့် Banner ရှိသင့်သလဲ?

 

 

ပစ္စုပ္ပန်တွင် အွန်လိုင်းဈေးကွက်စနစ်သည် အရည်အသွေးအကောင်းဆုံးဈေးကွက်စနစ်ဖြစ်သည် ၊ အဘယ်ကြောင့်ဆိုသော် ရင်နှီးမြုပ်နှံမှုအတွက် ကုန်ကျငွေနည်း ရုံမက လူအများသိသောအွန်လိုင်းဈေးကွက်သည် ခေတ်မှီသောအွန်လိုင်းဈေးကွက်ဖြစ်နေသောကြောင့်ဖြစ်သည်

 

       ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကို internet စနစ်ကနေတစ်ဆင့်ဝဘ်ဆိုဒ်စာမျက်နှာတွင်ပြရန်နေရာ (သို့) အွန်လိုင်းပေါ်တွင်ကြော်ငြာတင်ရန်နေရာ (သို့) Banner ဟုခေါ်သည် ၊ Banner  ဖြင့်ကြော်ငြာတင်ခြင်းသည် မိမိတို့၏ကုန်ပစ္စည်းများကို မြင်တွေ့နိုင်ရန်လွယ်ကူစေပြီး ဝယ်ယူသူများစိတ်ဝင်စားလာအောင် ကုန်ပစ္စည်းများကိုရောင်းချနိုင်သည့်အခွင့်အရေးများလာအောင် ဆောင်ရွက်ပေးနိုင်သည့်အရာဖြစ်သည်

Banner ကြော်ငြာမှုကနေတစ်ဆင့်အကျိုးအမြတ်များ

 

       1. ဝဘ်ဆိုဒ်အတွင်းဝင်ကြည့်သူများကိုဆွဲဆောင်မှုရှိစေပြီး Banner ကိုနှိပ်လိုက်လျှင် ကြော်ငြာတင်သူဝဘ်ဆိုဒ်သို့ ဝင်ရောက်သွားနိုင်ပါသည် ၊ ကျွန်ုပ်တို့တွေ့မြင်နေသောကြော်ငြာများမှာ affiliate program နှင့် pay per click များ ဥပမာ - Google AdSense စသည်တို့ဖြစ်သည်

 

       2. Banner ကြော်ငြာ Logo နေရာတွင် ကုန်ပစ္စည်းများ (သို့) ကုမ္မဏီများ၏ Brand ကိုဖန်တီးနိုင်သည် ၊ ဝင်ကြည့်သူများက Banner ကြော်ငြာ Logo ကိုမြင်လျှင် မိမိကြော်ငြာတင်ထားသည့်အရာများကို ဝင်ကြည့်သူများအား ဆွဲဆောင်စေနိုင်သည်

 

       3. ဝဘ်ဆိုဒ် Promote လုပ်ရန်အတွက် Banner ကြော်ငြာ Logo များသည် မိမိ၏ဝဘ်ဆိုဒ်ယုံကြည်မှုကိုတည်ထောင်ခြင်းဖြစ်သည် ၊ အဘယ်ကြောင့်ဆိုသော် မိမိတို့၏အသေးစိတ်လုပ်ဆောင်မှုများကို အခြားသူများသိလာအောင်လုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည် ၊အသေးစိတ်ဖြင့်ဝန်ဆောင်မှုပေးခြင်းသည် Customer များက ကြော်ငြာသူများ၏ကုန်ပစ္စည်းများကို ဝန်ဆောင်မှုပေးရန်ယုံကြည်စိတ်ချနိုင်သည်

 

Click နှိပ်ခံရအောင် ကြော်ငြာ Banner များကိုဘယ်လိုဖန်တီးမလဲ?

 

       နည်းပညာတစ်မျိုးတည်းဖြင့် ဖန်တီးထားသော အွန်လိုင်းကြော်ငြာ Banner များသည်အမျိုးအစားပေါင်းများစွာရှိနေသည် ၊ အရည်အသွေးကောင်းသော Customer များကိုဆွဲဆောင်မှုရှိသော Banner များကိုလိုချင်လျှင် CNET Networks နည်းပညာကိုနားလည်ထားရန်လိုအပ်သည် ၊ စိတ်ဝင်စားမှုအကောင်းဆုံးကြော်ငြာများသည် ဓါတ်ပုံ အရောင်အရည်အသွေးပေါ်မူတည်ပြီး ဖော်ပြပါအတိုင်းလေ့လာနိုင်သည်

  • ဆွဲဆောင်မှုရှိသော ဓါတ်ပုံအကြီးကြီးများကိုလွယ်ကူစွာမြင်နိုင်အောင်အသုံးပြုပါ ၊ ပိုပြီးလွယ်ကူအောင်ရှေ့ခံများနှင့်နောက်ခံများအကြား အရောင်ပြင်းပြအောင်လုပ်ပါ ၊ အထူးသဖြင့် 3D ဖြစ်နေအောင်အတွက်နောက်ခံကိုအနက်ရောင်အသုံးပြုပါ ၊ Model များကိုရှေ့တည့်တည့်ကြည့်နိုင်အောင်လုပ်ပါ ဝင်ကြည့်သူများကိုဆွဲဆောင်နိုင်လိမ့်မည်
  • ရှုပ်ရှက်ခတ်နေသောကြော်ငြာများသည်ဝင်ကြည့်သူများသိပ်မကြိုက်ပါ ထို့ကြောင့် လွယ်ကူအောင်လုပ်ပါ ၊ ကြော်ငြာချင်သောအကြောင်းအရာ Logo များကိုကြည်လင်ပြတ်သားအောင် Focus လုပ်လိုက်ပါ
  • လှုပ်ရှားနေသောဓါတ်ပုံများသည် ငြိမ်နေသောဓါတ်ပုံများထက် ဝင်ကြည့်သူများကိုပို၍ဆွဲဆောင်စေသည် ၊ ထို့ကြောင့်အရေးကြီသောအချက်မှာ "လှုပ်ရှားနေသောဓါတ်ပုံသည် စာလုံးထက်ပို၍သာသည်"
  • Banner ကြော်ငြာများ၏ကောင်းကျိုးများကို အသုံးပြုနိုင်ရမည် နားလည်နိုင်ရမည် ၊ Banner အသီးသီးတွင် ကောင်းကျိုးများစွာရှိနေသည် ဥပမာ - လေးထောင့်ပုံသဏ္ဍာန်များတွင် လှုပ်ရှားနေသောဓါတ်ပုံများ (သို့) အသေးစိတ် Graphic များနှင့်လိုက်ဖက်သည် ၊ Leader board တွင် လျင်မြန်စွာပြသလျက်ရှိပြီး ကုန်ပစ္စည်းများ အကျိုးအမြတ်များ အရည်အသွေးများ Banner ဈေးနှုန်းကြော်ငြာများနှင့်လိုက်ဖက်သည် ၊ နောက်တစ်မျိုး skyscraper သည် ဒေါင်လိုက်နေရာတွင်အသုံးပြုပြီး ဝင်ကြည့်သူရှိနေချိန်တွင်အချက်အလက်များဖော်ပြရာတွင်လိုက်ဖက်သည်

       "ကြော်ငြာများ၏အပေါ်ဆုံးဘက် (သို့) အောက်ဆုံးဘက်တွင် Brand Logo များရှိနေလျှင်ကောင်းဆုံးဖြစ်သည်"

 

 

 

 

Credit :Darika Phankaur

 57222
ဝင်ကြည့်သူ
Follow us
Online Store နှင့်ဖန်တီးထားသောဝဘ်ဆိုဒ် အခမဲ့လုပ်ရန်